လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးကြေညာချက်များ အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Mask Campaign ဆောင်ရွက်

လယ်ဝေး အောက်တိုဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့ပေါ်(၇)ရပ်ကွက်ရှိ လူစည်ကားရာနေရာများတွင် လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့်အဖွဲ့သည် လူစည်ကားရာ​နေရာများတွင် ယမန်နေ့ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးကြေညာချက်များ အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ မျိုးကွဲသစ်(အိုမီခရွန်) ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးကြေညာချက်များနှင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ရေပြည့်အောင် မပျက်မကွက်ထိုးနှံကြပါရန်  အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနိုးဆော်ခြင်း၊ အမှတ်(၁)ရပ်ကွက် အောင်ဇေယျာလမ်းဆုံနေရာ၊ သီရိမင်္ဂလာမြို့မဈေးရှေ့နေရာနှင့် CB Bank ရှေ့နေရာ၊ စုစုပေါင်း(၃)နေရာတို့တွင် လမ်းသွားလမ်းလာပြည်သူများသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Mask Campaign တို့အားဆောင်ရွက်ခဲ့ရာ လက်ကမ်းစာစောင်ခုရေ(၁၀၀)၊ Mask ခုရေ (၁၀၀၀)တို့အား အခမဲ့ဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)