ပန်းတောင်းမြို့နယ်တွင် သွားတိုက်ဆေးအမျိုးမျိုး၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အမျိုးမျိုးတို့အား ကြည့်ရှုစစ်ဆေး

ပန်းတောင်း အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သွားတိုက်ဆေးအမျိုးမျိုး၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲအမျိုးမျိုးတို့အား ဆင်တဲကျေးရွာ၌ ကုန်မျိုးစုံရောင်းချသည့်စျေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက်ဆင်တဲကျေးရွာရှိ စည်ပင်သာယာရေးစျေးရှေ့နှင့် စျေးအတွင်းလူသုံးကုန်နှင့်ကုန်မျိုးစုံရောင်းချသည့် ဆိုင်(၅)ဆိုင်သို့ သွားတိုက်ဆေးအမျိုးမျိုးနှင့် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်အမျိုးမျိုးတို့တွင် ကုန်စည်ထုတ်လုပ်မှုအပေါ် ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြမှု၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်း ရှိ/မရှိကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး ထံမှသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)