ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့်မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့် သက်ပြည့်အငြိမ်းစားယူခဲ့သော အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ဥသျှစ်ပင်ရွှေပင်ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်၍အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ/ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသော ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီးမှူး ဦးကျော်ဝင်းမှဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ ခေါင်းဆောင်များပေးပို့လာသော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်သဝဏ်လွှာကို မြို့နယ်ပညာရေးမှူးဦးသိန်းဒန်မှ ဖတ်ကြားခဲ့သည်။

ထို့နောက်အသက်(၇၀)နှစ်နှင့်အထက် ကန်တော့ခံအငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီး(၉၂)ဦးအနက် (၄၁)ဦးတက်ရောက်ကာ မတက်ရောက်နိုင်သည့် ဆရာကြီး/ဆရာမကြီးများအားအလှူငွေများသွားရောက် ပူဇော်ကန်တော့ခဲ့သည်။

ထို့နောက်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပူဇော်ပွဲကျင်းပရခြင်းကို ဥသျှစ်ပင်တိုက်နယ်မှူးဆရာကြီးဦးအောင်ဌေးမှ ရှင်းလင်းပြောကြား၍ အငြိမ်းစားကန်တော့ခံဆရာကြီးတစ်ဦးနှင့် ဆရာမကြီးတစ်ဦးတို့မှ ဆုံးမဩဝါစကားပြောကြားပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)