မြဝတီမြို့၌မြို့နယ်ပညာရေးမှူးဖလားအခြေခံကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ)ဘောလုံးပြိုင်ပွဲဆု​ချီးမြှင့်ပွဲကျင်းပ

မြဝတီ အောက်တိုဘာ ၆


ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ၂၄ ရက်နေ့မှ စတင်ယှဥ်ပြိုင်ကစားခဲ့ကြရာအောက်တိုဘာ ၅ ရက်မွန်းလွဲ ၃ နာရီကဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက  တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာရေး၊နှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်း(၁၆) အသင်းနှင့်အမျိုးသမီးဘောလုံးအသင်း( ၉) သင်းတို့ မှအမျိုးသားဗိုလ်လုပွဲတွင် ပထမဆုကို အ.ထ.ကရွှေကုက္ကိုလ်မြိုင်နှင့် ဒုတိယဆုကို အ.ထ.က သင်္ဃန်းညီနောင်တို့ကလည်းကောင်း၊ အမျိုးသမီးဗိုလ်လုပွဲတွင် ပထမဆုကို အ.ထ.က(ခွဲ)(၁) နှင့် ဒုတိယဆုကို အ.ထ.က(၁)မှလည်းကောင်းရရှိခဲ့ကြပြီး အဆိုပါဆုများကိုမြို့နယ် ပညာရေးမှူးဦးမြင့်ဦးနှင့် ကျောင်းအုပ်ကြီးများက ဆုရရှိသည့်အသင်းများအလိုက် ဆုများ ပေးအပ်ချီးမြှင်ပေးသည်။
ယင်းဆု​ပေးပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိ သူများက တက်ရောက်ကြည့်ရှုအား‌ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)