ကန့်ဘလူ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အကြိမ်ပြည့်ထိုးနှံပြီးသည့် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသားကျောင်းသူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာ ကွယ်ဆေး( Booster dose) များ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ ပြည်သူ့ကျန်းအာရေးဦးစီးဌာန၌ အကြိမ်ပြည့်ထိုးနှံပြီး ခြောက်လပြည့်ပြီးသူ အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများ လွယ်ကူအဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)