အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက် ၇၀ နှစ်နှင့်အထက် ဆရာ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
Oct 06,2022
တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် သည်။
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ (၁၃၈)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းကြီးလောင်းလှူပွဲကို အစဉ်အလာမပျက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ နံနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပေါင်းတည်မြို့ သကျမုနိမိုဃ်းကောင်းဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
Oct 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများနှင့်ပတ်သက် ၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက  ကျင်းပခဲ့ကြောင်း သိရသည်။
Oct 06,2022
မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလာလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသော ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေး မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အင်္ဂလိပ်စာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဖဲခမဲကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။    
Oct 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဌာနဆေးခန်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက   သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့၊လေယာဉ်ကွင်းပြင်၌ ယနေ့ နံနက် ၈ နာရီ အချိန်က   လူမှုကူညီရေးအသင်းများနှင့် ပရဟိတအသင်းများပူးပေါင်း၍ စားသောက်ရေးခက်ခဲသူများ အား ဆန်၊ ဆီ၊ ဆား၊ ကြက်ဉများ အခမဲ့ လှူဒါန်းခဲ့သည်။