အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြမည့် တောင်သူများအား မျိုးစပါး၊ ပိုက်ဆံလျှော်မျိုးစေ့၊ ယူရီးယားဓာတ်မြေဩဇာများ ချီးမြှင့်ပေးအပ်ခြင်းနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် စာရေးဆရာအသင်းတွင် လစ်လပ်လျက်ရှိသော စာရေးဆရာအသင်းဥက္ကဋ္ဌ နေရာရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ကျင်းပခဲ့သည်။
Jun 05,2025
“ကမ္ဘာတစ်ဝန်း ပလပ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။
Jun 05,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ဇွန်လ ၄ ရက်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင်ဆောင်ရွက်ခဲ့သည်။
Jun 05,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများကို အမှတ်(၈)ရပ်ကွက်၊ အလယ်တောရကျောင်းတိုက်အတွင်း၊ ရွှေဗဟိုဗိမန်၌ ယနေ့နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအခမ်းအနားဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့နံနက်(၉)နာရီက ကဝမြို့နယ်၊ စက်ကျောင်း၊ ကျောင်းတိုက်၌ ကျင်းပခဲ့သည်။