ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဂန့်ဂေါ ဇန်နဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောက်တိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ)တွင် ကျောင်းအခြေပြုမီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ ပုံညာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲတွင် ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်မှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့အန္တရာယ်များအကြောင်း၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များအား ရှင်းလင်းဟောပြောခဲ့ကာ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်းများကို လက်တွေ့သင်ကြားပြသပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း