Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲ ပြုလုပ်
Jan 19,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဒု-ကျောင်းအုပ် ဗိုလ်မှူးကြီး ကျော်ဇင်နှင့် တပ်နယ်မှအရာရှိများ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၉) ဦးအားသင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 19,2026
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့်အတူ လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စားအုန်းဆီများရောင်းချပေး နေမှုများအားကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
Jan 19,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် မြန်မာ - တရုတ် နယ်စပ်သွားလာခွင့်လက်မှတ် BP စာအုပ် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ
Jan 19,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် တရုတ်နိုင်ငံရွှေလီမြို့သို့ သွားရောက်အလုပ်လုပ်သူ၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလည်အပတ်သွားရောက်မည့် ပြည်သူများအတွက် မြန်မာ-တရုတ် နယ်စစ်သွားလာခွင့်လက်မှတ် BP စာအုပ်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးတွင် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ မိုးစပါးများ ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး
Jan 19,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရန်၊ ဒေသတွင်းစာနပ်ရိက္ခါဖူလုံစေရန်နှင့်ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ မိုးစပါး သီးနှံဧက ၁၅၀၉၈၆ ဧကအား စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးသည့်သီးနှံများမှာ မနောသုခ၊ ဧရာမင်း၊ ရွှေသွယ်ရင်၊ ပေါ်ဆန်းရင်၊ အောင်နိုင်တိုး၊ ဆင်းသုခ စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် (၇) ရက်သားသမီးများ စုပေါင်း၍ အာဟာရဒါနလှူဒါန်း
Jan 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ယနေ့နံနက် ၁၀ ၄၅ အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ (၇) ရက်သားသမီးများ စုပေါင်း၍ အလှူဒါနအဖြစ် ကြက်သားဟင်းဆီပြန်၊ ထမင်း၊ ဟင်းစုံနှင့် အချဥ်ရည်ဟင်းတို့အား ယနေ့နံနက်ပိုင်းက အာဟာရဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပရန်အတွက် (MEVM)စက်များ Installation တပ်ဆင်
Jan 19,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ Installation တပ်ဆင်အသုံးပြုခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသက် ၁၇ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 19,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ငဖဲမြို့အားကစားကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1484
Page
1485
Page
1486
Page
1487
Current page
1488
Page
1489
Page
1490
Page
1491
Page
1492
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department