ချမ်းအေးသာစံ ဇန်နဝါရီ ၂၈
ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပဆောင်ရွက်သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်က ကျန်းမာရေးလှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သတ်သော အကြောင်းအရာများအား ညှိနှိုင်းဆွေးနွေးတင်ပြသည်။
ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)