မအူပင်မြို့၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမို ဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေး

မအူပင် ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲအား ယနေ့နံနက် (၁၀) နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုချုပ်(ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအခြေအနေများ၊ ကာကွယ်ဆေးထိုးခြင်း၏ အကျိုးကျေးဇူးများ၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကြောင်းနည်းလမ်းများအားလည်းကောင်း၊ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်မှ ကျေးလက်ဒေသများ၌ ကာကွယ်ဆေးထိုးခြင်းအောင်မြင်မှု ရာခိုင်နှုန်းများနှင့် ကာကွယ်ဆေးရရှိမှု အခြေအနေများအားလည်းကောင်း အဖွင့်စကားပြောကြားပြီး မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ‌တင်ပြချက်များအပေါ် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသန်းနိုင်စိုးမှ ပြန်လည်လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွးပွဲသို့ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။           

အောင်မြင့်မြတ်