အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2026
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၉ နာရီက မဲရုံများနှင့် မဲရုံဝန်းကျင်အား မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှုး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံများနှင့်မဲရုံပတ်ဝန်းကျင်အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးသတိမူရေး ဆော်ဩခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 19,2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်း သဘင်ခန်းမ၌ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည်။
Jan 19,2026
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များလှူဒါန်းခြင်းနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်း၌ကျင်းပသည်။
Jan 19,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် AI နှင့် ခေတ်သစ်ကမ္ဘာစာအုပ်​ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 19,2026
ကရင်ပြည်နယ် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့  နံနက် (၁၀)နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်သည်။
Jan 19,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၈ရက်  နံနက်(၉)နာရီကကျင်းပသည်။
Jan 19,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်က မင်းဘူးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈) စက်မှုလယ်ယာစခန်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 19,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၇ ရက်နေ့က အမှတ်(၁၀)အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကျင်းပသည်။