Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကိုင်မြို့နယ် ဘဝအလင်းသစ်စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Jan 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ) တို့ ပူးပေါင်း၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် စားအုန်းဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချမှုရှိစေရေး လိုက်လံကွင်းဆင်းစစ်ဆေး
Jan 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားအုန်းဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချမှုရှိစေရေးအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းတို့ ပူးပေါင်း၍ လက်လီလက်ကား အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 20,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အေးမြချမ်းသာ သီလရှင်စာသင်တိုက်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 20,2026
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီလ(၁၉)ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေမင်းဝံ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်
Jan 20,2026
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား အမျိုးသားသဘာဝေဘးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ KBC စခန်းနှင့် လော်ဝေါ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြောင်းရွှေ့…
Jan 20,2026
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ယာယီ ခိုလှုံရာစခန်းဖြစ်သောမိုင်းနားကျေးရွာအတွင်းရှိ KBC စခန်းနှင့် လော်ဝေါ်နှစ်ခြင်းအသင်းတော်စခန်း တို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအား ပြောင်းရွေ့နေရာချထားပေးနိုင်ရေးအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်၌ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံစေရေး ဆောင်ရွက်
Jan 20,2026
တောင်သာမြို့၌ မဲရုံပတ်ဝန်းကျင်အနီး နေအိမ်များ မီးဘေးလုံခြုံရေးကို ယနေ့နံနက် ၁၀ နာရီမှစ၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Jan 20,2026
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၉ နာရီက ရွှေကူမြို့ နယ်မြေခံတပ်နယ်ရှိ သူရဇာဟိုင်းထန့်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1478
Page
1479
Page
1480
Page
1481
Current page
1482
Page
1483
Page
1484
Page
1485
Page
1486
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department