ပုသိမ်ကြီး ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှစ၍ ကျင်းပခဲ့သည်။
ဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ ပြိုင်ပွဲတစ်ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)