အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ သက်ဆိုင်ရာ ကြိုတင်ဆန္ဒမဲရုံအသီးသီးတွင် မဲပေးလျက်ရှိသည်။
Jan 20,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 20,2026
လားဟူတိုင်းရင်းသားလူမျိုးစုသည် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ သမိုင်းအခိုင်အမာတည်ရှိပြီး တစ်နှစ်တာရာသီကာလအတွင်း လားဟူတိုင်းရင်းသားတို့ ကျင်းပကြသည့် ပွဲတော်များထဲတွင် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံးပွဲတော်အဖြစ် သတ်မှတ်ထားရှိကာ ထင်းရှူးပင်များ အဖူးဖူးသည့်အချိန်၊ ချယ်ရီ၊ မက်မန်း၊ မက်မွန်ပင်များ အပွင့်ပွင့်သည့်အချိန်တွင် ကျင်းပသည်။
Jan 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပညာရေးမှူးရုံးအစည်း‌အဝေးခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Jan 20,2026
ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Jan 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို  ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်မှ စတငဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
Jan 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့၌ ရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ကူမဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး ရန်ကုန်-မန္တလေးကားလမ်း၊ အမှတ် (၁) ရပ်ကွက် ကူမဲဈေးဝင်ပေါက်နှင့် တောက်ပရစ် ဘုရားလမ်းတို့တွင် ဖြန့်ဝေ‌ပေးခဲ့ကြသည်။