ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ဆိပ်ကြီးရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပညာရေးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှဒုရဲမှူးကိုကိုနိုင်က ကျောင်းသူ/သားများ လူကုန်ကူးမှုမခံရအောင်ကြိုတင်ကာကွယ်ဖို့ ဗဟုသုတများရှင်းလင်းပြောပြခြင်း၊ လူကုန်ကူးခံရလျှင်ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ကမ္ဘာပေါ်တွင်နေ့စဉ်လူကုန်ကူးမှုဖြစ်ပေါ်လျက်ရှိသော အကြောင်းအရာများ၊ ထိုသို့မဖြစ်ဖို့ရန်အချိန်မီကြိုတင်ကာကွယ်နိုင်ရန် ကျောင်းသူ/ သားများအား ဟောပြောခဲ့သည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လှိုင်သဇင်ကျော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့်အကြောင်းများ၊ CRC ကလေးသူငယ်ဆိုင်ရာအကြောင်းအရာများနှင့် ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေသည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။ ယင်းဟောပြောပွဲကို အ.လ.ကဆိပ်ကြီးရပ်ကွက်ကျောင်းမှ ကျောင်းဆရာ/မများ၊ ကျောင်းသား/ သူ(၁၇၀)ဦးတက်ရောက်ခဲ့ကြပြီး တာ၀န်ရှိသူများကကျောင်းသား/ သူများအား မေးခွန်းများမေးမြန်းခဲ့ရာအကောင်းဆုံးဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)