မိုးနဲမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်း ဆောင်ရွက်

မိုးနဲ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ  ကင်းစင်ပပျောက်မှုရှိစေရေးအတွက် ယမန်နေ့က  မြို့နယ်ကမ္ဘောဇခန်းမနေရာ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း အသက်အရွယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီး၍ (၆) လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (First Booster Dose)နှင့် ပထမအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး (၆) လနှင့်အထက်ရှိသူများအား ဒုတိယအကြိမ် (Second Booster Dose)အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်ရေး စည်းကမ်းချက်နှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်း‌ဆောင်ရွက်‌ပေးနေမှုနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ လာရောက်ကြီးကြပ်ပေးလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာ‌ရေးဌာနမှ ဆရာ/ဆရာမများ ၎င်းတို့၏ မှီခိုမိသားစုဝင်များနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများမှ လာရောက်ထိုးနှံခဲ့ကြောင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး တစ်လုံးလျှင် (၅) ယောက်နှုန်းဖြင့် (First Dose)နှင့်(Second Dose) ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)