မိုးစပါးရိတ်သိမ်းချိန်ဈေးကောင်းရရှိသည့်အတွက် နွေစပါးစိုက်ပျိုးရေရရှိပါက လျာထားဧက​ကျော်လာနိုင်

မြို့သစ်  ဒီဇင်ဘာ   

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် စပါးစိုက်ပျိုးတောင်သူများအနေဖြင့် လက်ရှိမိုးစပါးရိတ်သိမ်းချိန် စပါးဈေးနှုန်းကောင်းမွန်သည့်အတွက် နွေစပါးစိုက်ပျိုးရေရရှိပါက လျာထား ဧကထက်ပိုမိုစိုက်ပျိုးလာနိုင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။

မြို့သစ်မြို့နယ်တွင် မိုးစပါးဈေးနှုန်းသည် လက်ရှိအနေထားတွင် သွင်းအားစုကုန်ကျစရိတ်များရှိသော်လည်းဒေသပေါက်ဈေး၊ စျေးကောင်းရရှိနေကြောင်း၊ လက်ရှိစပါးပေါက်ဈေးမှာ စပါးတင်း (၁၀၀)  လျှင် (၁၃)  သိန်းဝန်ကျင်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ နွေစပါးကို ဒီဇင်ဘာလအကုန်တွင် စတင်စိုက်ပျိုးကြမည်ဖြစ်ပြီး၊ နွေစပါး စိုက်ပျိုးရန် လယ်မြေများတွင် မြေပြင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေစပါးကိုမြို့သစ်မြို့နယ်အတွင်း ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် (နတ်မောက်ဆည်၊ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်) ရေသောက်ဧကများဖြင့် နှစ်စဉ်စိုက်ပျိုးကြပြီး မြို့သစ်မြို့နယ်အတွင်း မိုးစပါးကိုတောင်သူများမှ (၅၅၁၀၀)ဧကစိုက်ပျိုးခဲ့ကြ၍ စပါးအထွက်နှုန်း အနေဖြင့် ပျှမ်းမျှ တစ်ဧက (၇၂) တင်းဝန်းကျင်ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးရေရရှိပါကယခုနှစ်နွေစပါးကိုလျာထား  ဧကထက်ပိုမိုစိုက်ပျိုးလာနိုင်ကြောင်းသိရသည်။ 

သန်းဝင်းထွန်း(ပြန်ဆက်)