မိုင်းခုတ်မြို့၌ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဉီးကျောင်း၌ တည်ထားလျက်ရှိသော အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီက မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့မှစ၍ မိုင်းခုတ်မြို့မှ အားကစားဝါသနာရှင်(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တစ်သင်းလျှင်(၃)ဉီးနှုန်းဖြင့် အုပ်စု(၂)စုခွဲ၍ကျင်းပခဲ့ရာ ဗိုလ်လုပွဲတွင်မီးသတ်တပ်ဖွဲ(က)အသင်းနှင့် အမှတ်(၃၈၇) အမြောက်တပ်ရင်း ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မီးသတ်တပ်ဖွဲ့(က)အသင်းက အနိုင်ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပရာ ပထမဆုရရှိသော မီးသတ်တပ်ဖွဲ့(က)အသင်းအားဆုတော် ငွေ(၁၅၀၀၀၀)ကျပ်ကို နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးကလည်းကောင်း၊  ဒုတိယဆု ရရှိသော အမှတ်(၃၈၇)အမြောက်တပ်ရင်းကိုယ်စားပြုအသင်းအား ဆုတော်ငွေ(၁၁၀၀၀၀)ကျပ်ကို မြို့အုပ် ချုပ်ရေးမှူး ဉီးလှိုင်ကျော်သူကလည်းကောင်း၊ တတိယဆုရရှိသော ဖိုးစတားအသင်းအား ဆုတော်ငွေ (၇၀၀၀၀)ကျပ်ကို မြို့မိမြို့ဖ ဉီးကျော်ဇေယျကလည်းကောင်း၊နှစ်သိမ့်ဆုရရှိသော မီးသတ်တပ်ဖွဲ့(ခ)အသင်းအား ဆုတော်ငွေ (၅၀၀၀၀)ကျပ်ကို မြို့မိမြို့ဖ ဉီးစိုးမိုးကျော်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)