သံဖြူဇရပ် ဒီဇင်ဘာ ၉
ပွင့်လင်းရာသီရောက်ရှိနေပြီးဖြစ်သည့်အတွက် မီးဘေးအန္တာရယ် ဖြစ်ပွားမှုမရှိစေရန် ပြည်နယ်၊ ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာရှိ ကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ စစ်ဆေးခြင်းများပြုလုပ်သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်နှင့် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးအောင်ကျော်ထွေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးတို့မှ တာဝန်ရှိသူများပါဝင်သည့် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဝါခရူကျေးရွာရှိကံကောင်းခြင်းရတနာသစ်ပါးလွှာစက်ရုံသို့ သွားရောက်ပြီး Hydrant ငုတ်များကောင်း/မကောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံမှုရှိ/မရှိ၊ ရေထွက်နှုန်းကောင်းမကောင်း၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဘူး Pressure ရှိ/မရှိ ဘွိုင်လာအသုံးပြုပုံ၊ မီးသတ်ရေကန် ရှိ/မရှိ စစ်ဆေးသည်၊၊
ဆက်လက်၍ မြမေတ္တာမွန်ပြည်သူ့ဆေးရုံကိုစစ်ဆေးရာ ဆေးရုံလုပ်ငန်းသုံးများတွင် လျှပ်စစ်မီးတပ်ဆင်ထားမှုအခြေအနေကို စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေးအကြုံပြုပြောကြားသည်။ သံဖြူဇရပ်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများ အေးချမ်းစွာနေထိုင်စေရေးအတွက် မီးဘေးလုံခြုံရေးများကို အထူးဂရုပြုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အေးအေးသီ(ပြန်/ဆက်)