အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သည့် သရက်ချောင်းမြို့နယ် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်ပျိုးသည့် တောင်သူများအား ကော်ဖီစိုက်ပျိုးနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက လိန်းညားကျေးရွာအုပ်စု ဝါးပြုံးကျေးရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဌေးဝေ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်ကမြို့ပေါ်အထကကျောင်းများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
Oct 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် အရပ်ရပ်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 21,2022
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုသည့် အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅  နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Oct 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်သူများအား စာအုပ်စာစောင်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျောက်မဲမြို့၊ အမက(၁၁) ကျောင်းတွင် စာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။