မိုင်းဆတ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒများကိုလည်းကောင်း၊ ကလေးအလုပ်သမား ခေါ်ယူခိုင်းစေပါက ဥပဒေဆိုင်ရာအရေးယူဆောင်ရွက်နိုင်သည့် တည်ဆဲဥပဒေများကိုလည်းကောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေရေးရာဌာနမှ ဆောင်ရွက်မှုများကိုလည်းကောင်း မေးမြန်း ဆွေးနွေးရာ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင်အဖွဲ့ဝင်(၃၇)ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကုလသမဂ္ဂကလေးသူငယ်များ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်များနှင့် ဥပဒေရေးရာဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)