အမြို့မြို့အနယ်နယ်သတင်းများ

Aug 01,2021
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအချိန်ထိ သီတဂူစက္ခုဒါမျက်စိဆေးရုံ၌ လူမျိုးဘာသာမရွေး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Aug 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် တိုင်းရင်းဆေးရုံဝန်ထမ်းအိမ်ရာ Quarantine Center သီးသန့်ဆောင်တွင်  ထားရှိကုသပေးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည် ပြု လူနာများထဲမှ  လူနာ(၆)ဦးမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက် (၁၀)နာရီခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက်  ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Aug 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် လုပ်အားကြေးမုံခန်းမတွင်  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Aug 01,2021
နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါကျောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး စင်တာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက် (၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်ရှိနေသေးသည့် ပြည်သူများအား လူမျိုးဘာသာမရွေး ထိုးနှံပေးသွားမည်ဖြစ်ရာ ဇူလိုင်(၃၁)ရက်နေ့၊ နံနက် (၉)နာရီမှ စတင်ကာ ဖြူးမြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 01,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၂၉ ရက်နေ့က စတင် ထိုးနှံပေးခဲ့ပြီး ယမန်နေ့ နံနက် ဆေးထိုးရက် (၃)ရက်မြောက်တွင် ဆေးထိုးစုရပ်(၅) နေရာတို့၌ မွန်ပြည်နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာန ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာသံလွင်အောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ကာကွယ်ဆေးထိုးနှံနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 01,2021
မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင် ၊  မုဒုံမြို့နယ်  ဘိုးဘွားရိပ်သာရှိ  သက်ကြီးရွယ်အိုဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှုမဖြစ်ပွားစေရန်    ယမန်နေ့မွန်းလွဲ ၂ နာရီက       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ နောင်တရားမြို့ အမှတ်(၁)၊(၂)(၃)ရပ်ကွက်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထိုးနှံပေး လျက်ရှိသည်။