အမြို့မြို့အနယ်နယ်သတင်းများ

Nov 05,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ် မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းကာ ယမန်နေ့ နံနက် ၇ နာရီက ပုဇွန်တောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ် လှူဒါန်းခဲ့ကြသည်။
Nov 05,2022
ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းမိသားစု (နဝမ)အကြိမ်မြောက် စုပေါင်းဘုံကထိန်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း ပညာရတနာခမ်းမ၌ ကျင်းပသည်။
Nov 05,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းခဲ့ကြသည်။
Nov 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၇) ရပ်ကွက် ညောင်တုန်း ကျောင်းအား အမှူးထား၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အကြိမ် (၃၀) မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုပေါင်းလှူဒါန်းသော ငွေကျပ်သိန်းပေါင်း (၃၀၀) ကျော် တန်ဖိုးရှိ စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်ရတနာ့သိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
Nov 05,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းတွင် စုရပ်ပြုလုပ်ကာ (၂၇)ကြိမ်မြောက် မြို့နယ် လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံ ကထိန်ပဒေသာပင်များအား မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Nov 05,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် အမှူးပြုသောမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက သာယာ​အေးဗြဟ္မဝိဟာရ ကျောင်းတိုက်ဝန်းအတွင်းရှိ ဗြဟ္မဝိဟာရဓမ္မ ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ ၁  နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
Nov 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ  စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူခြင်း၊ စာရေတံမဲဖောက်ခြင်း၊ ရေစက်ချအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁) နာရီက  ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။