ဖျာပုံ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဌေးဝေ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်ကမြို့ပေါ်အထကကျောင်းများသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဌေးဝေ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများက မြို့ပေါ် ရှိအခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထားခြင်းများ ကြံ့ခိုင်မှုရှိ/မရှိနှင့် မီးသတ်ဆေးဗူးများ ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိသင့်သည်များအား လိုက်လံစစ်ဆေးအသိ ပညာပေးပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)