Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်မြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟို အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေဆုချီးမြှင့်
Oct 21,2022
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုငွေဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Oct 21,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ (မြို့မ) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘွဲ့တံဆိပ်(၃)ခုရ သီလရှင်ဆရာကြီးအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဓမ္မာရုံရေစက်ချပွဲ ဟိုပန်၌ပြုလုပ်
Oct 21,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ သီရိမင်္ဂလာပရိယတ္တိသီလရှင်စာသင်တိုက်၏ ပဓာနနာယကဆရာကြီးဒေါ်ပဒုမ္မာရီအား နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ ဘွဲ့တံဆိပ်တော်သုံးခုကို ချီးကျူးဂုဏ်ပြုပူဇော်ပွဲနှင့် နှစ်ထပ်ဓမ္မာရုံတော်ကြီးအား ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က အဆိုပါ သီလရှင်စာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော်ကောင်စီနှင့်ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျ…
Oct 21,2022
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာမိသားစုများ၏ ဒွါဒသမအကြိမ်မြောက် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့ရှိ စပါးစိုက်ခင်းနှင့်လယ်စောင့်တဲကို တောဆင်ရိုင်းများက ဝင်ရောက်ဖျက်စီး
Oct 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာ၏ တောင်ဘက်(၁)မိုင်ခွဲ့ခန့်တွင် အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီခန့်က ပဲခူးရိုးမဘက်မှ တောဆင်ရိုင်း (၁၀) ကောင်ခန့် ဝင်ရောက်လာခဲ့ကြောင်း၊ သံပုရာကုန်းကျေးရွာရှိ မိုးစပါးစိုက်ပျိုးခင်း(၂)ဧကနှင့် လယ်စောင့်တဲတစ်လုံးကို ဖျက်စီးခဲ့ပြီး ဝက်မြတ်ရိုး (ဒေသခေါ်) အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် သဒ္ဓမ္မပါလပညာဒါနကျောင်းအရောက် နယ်လှည့် စာငှားလုပ်ငန်း ဆောင်ရွက်ပေး
Oct 20,2022
စာပေအသိပညာ တိုးတက်ပြန့်ပွားစေရေးအတွက် အချိန်မအားလပ်၍ စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာပေများ ငှားရမ်းမဖတ်ရှုနိုင်ခြင်း မဖြစ်စေချင်သော ရည်ရွယ်ချက်နှင့်အတူ ကျောင်းအားလပ်ချိန် ပြင်ပဗဟုသုတများ ရှာဖွေမှီငြမ်းနိုင်စေရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၁)နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ သဒ္ဓမ္မပါလ ပညာဒါနကျောင်းသို့ အရောက်သွား၍ နယ်လှည့်စာငှား လုပ်ငန်းများဆောင်ရွက် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့၊ အေလာ(အ.ထ.က)တွင်ကျင်းပသည့် နွားနို့တိုက်ကျွေးရေးအခမ်းအနားသို့ တက်ရောက်
Oct 20,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့နယ်၊ အေလာ(အ.ထ.က)တွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးအစုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေးရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင် အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲ အခမ်းအနား အားတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းအမှတ်စဉ် (၅/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14120
Page
14121
Page
14122
Page
14123
Current page
14124
Page
14125
Page
14126
Page
14127
Page
14128
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department