ကျောက်မဲခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက ကျောက်မဲမြို့ အမက (၁၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ကျောက်မဲ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်သူများအား စာအုပ်စာစောင်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျောက်မဲမြို့၊ အမက(၁၁) ကျောင်းတွင် စာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သုတ၊ ရသ၊ ကာတွန်းစာအုပ်များ၊နှင့် ရုပ်ပြအစရှိသောစာအုပ်များဖြင့် အဆိုပါကျောင်းသို့သွားရောက်ပြီး အမက(၁၁)ကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်စာအုပ်များ အချိန် ၁ နာရီပေး၍ ကြည့်ရှုစေခြင်း၊ မူလတန်းကလေးသူငယ်များ စာအုပ်စာပေနှင့် ရင်းနီးစေရန် ကလေးသူငယ်များစိတ်ဝင်စားမည့် ပုံပြင်များကိုလဲဖတ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံများကို စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြသည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်သား၊ ကျောင်းသူများအတွက် ၂ ပါတ်တစ်ကြိမ်နှုန်းဖြင့်  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)၀၉၉၆၄၇၃၀၆၅၁