အမြို့မြို့အနယ်နယ်သတင်းများ

Oct 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပါင်း၍ နွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရေးနှင့် ကြိုတာကာကွယ်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန Community centre တွင်ကျင်းပခဲ့ပါသည်။
Oct 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာအောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများစာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများအသင်း Youth Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ကုန်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ စာသင်စာချဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပျံနှံ့မှုကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးသွားလာကြရန် Mask Campaign ပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကျွန်းတော(တောင်)ရပ်ကွက်တွင် နှာခေါင်းစည်းများဖြန့်ဝေကာ Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှ ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး (တတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေ းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပြီး ဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ(၆၇)စီး ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။
Oct 21,2022
ရန်ကင်းမြို့နယ်တွင် လုံခြုံရေးသတိ လုံခြုံရေးအသိဖြင့် ဌာနလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀-၁၀-၂၀၂၂ ရက်နေ့ ယမန်နေ့နံနက် ၁၃:၀၀ နာရီက ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးစပါးအထွက်နှုန်းမှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မင်္ဂလာကျေး ရွာအုပ်စု၊ ကွင်းအမှတ်(၄၅၅)ရှိ တောင်သူ ဦးမြင့်စိုး၏ လယ်၌ အကွက်အရွယ်အစား ၀ ဒဿမ ၁၀ ဖြင့် မှတ်တမ်းတင်ရိတ်သိမ်းပွဲပြုလုပ်ခဲ့ရာ