အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသမီး (ဂိုးလတ်) ဘောလုံးပြိုင်ပွဲကို မေ ၂၀ ရက် နံနက် ၁၁ နာရီက ရေမြစ်ကြီးကျေးရွာအုပ်စု၊ လဲဝါပြင်ကျေးရွာ၌  ဖွင့်လှစ်သည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင်ကို ယ်ကာယကြံ့ခိုင်မှုအခြေခံ Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ရက်(၁၀၀)အတွင်း ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင် သင်တန်းဖွင့်ပွဲကို မေ(၁၉)ရက် နံနက်(၉)နာရီက အ.ထ.က- ရွာငံပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
May 21,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၀) ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မလိဝမ်း)ရှိ ကော်ဖီပျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် ကိုကိုးသီးနှံစမ်းသပ်စိုက်ကွက်များသို့ သွားရောက်ကြည့်ရှု၍ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး‌ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောပစ္စည်းများဖြစ်အောင်  MSME လုပ်ငန်းများဖြင့် တိုးချဲ့မြှင့်တင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
May 21,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မေလ ၁၉ ရက်နေ့နံနက်က မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင်  လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုး‌ရေးဆွေးနွေးခြင်းကို မေလ ၁၉ ရက်နေ့နံနက်ပိုင်းက ပေါ့မိုင်းရပ်ကွက် ချမ်းသာကြီးဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။