Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် အိုင်အိုဒင်းဆားသုံးစွဲရေးလှုပ်ရှားမှု ဆောင်ရွက်
May 21,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အိုင်အိုဒင်းဆားသုံးစွဲရေး လှုပ်ရှားမှုအနေဖြင့် ဇေယျာသီရိဈေးတွင် အိုင်အိုဒင်းဆားရောင်းချခြင်း၊ ဝယ်ယူစားသုံးခြင်းရှိ/မရှိ စျေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ
May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်အား ယနေ့နံနက် ၈ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်းကျောင်းအရှေ့၌ စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမဆောင်တွင် လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်
May 21,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမဆောင်တွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အသိပါဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ ၁၉ ရက်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာ ပန်းချီပြို…
May 21,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ နောင်လေကျေးရွာအုပ်စု၊ မဲတောင်းကျေးရွာရှိ တောင်ကြီးကွန်ပျူတာတက္ကသိုလ် LAB ခန်းမ၌ ကျင်းပသော အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၉) ကြိမ်မြောက် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မေလအတွက် ပင်စင်လစာငွေများကို မေ ၂၁ ရက် နံနက် ၅ နာရီကစတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၄၀)မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲ ကျင်းပ
May 21,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာမြို့၊ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရဦးစီး၍ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းအား မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များ ထုတ်ချေးပေး
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူများ၏ လယ်ယာမြေများတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၀ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာများအလိုက် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ် မိတ်ဆက်ခြင်းနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ် မိတ်ဆက်ခြင်းနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တော်ရွက်ရပ်ကွက်ရှိ လူငယ်ဇရပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
124
Page
125
Page
126
Page
127
Current page
128
Page
129
Page
130
Page
131
Page
132
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department