ဒလ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာရှောင်ရှားသင့်သည့် အကြောင်းအရာများ၊ ငလျင်သဘာဝဘေးအန္တရာယ်အကြောင်းအရာများ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ်ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန်၊ရှောင်ရန်များ၊မုန်တိုင်းဘေး၊ရေဘေး လေပြင်းဘေးအန္တရာယ်အတွက် ဆုံးရှုံးမှု သက်သာစေရန် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ သည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာဗဟုသုတရဖွယ် စာအုပ်၊ စာစောင်များနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)