တောင်တွင်းကြီး မေ ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ပြင်(၂)မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမောင်မောင်က အမျိုးသမီးများအတွက် ဆောင်ရွက်ပေးရမည့်အခွင့်အရးများ၊ ပြစ်မှုဆိုင်ရာဥပဒေပါ အမျိုးသမီးများကို အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်များ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW)ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပါ ပြစ်မှုများစသည့် အချက်များနှင့် အမျိုးသမီးများ ဘဝတိုးတိုက်ရေးစွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် တာဝန်ယူဆောင်ရွက်ပေးရမည့် အချက်များ၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်းစသည်တို့မှ အကာအကွယ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့်ဥပဒေများနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများအကြောင်း တို့အားဆွေးနွေးပြောကြားကာ တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။
ဦးမျိုး (ဗိဿနိုးမြေ)