အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် အောက်တိုဘာလ (၁၆)ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Oct 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်  မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ  ၁၉ ရက်နေ့နံနက်  ၁၀ နာရီ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ သည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ကမ်းခြေတွင် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဧရာဝတီလင်းပိုင် ဟု ခန့်မှန်းရသည့် ရေသတ္တဝါတစ်ကောင် ကမ်းတင်သေဆုံးလျက်ရှိသည်ကို တွေ့ရသည်။  
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စိုက်ပျိုးစရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။
Oct 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းအမည်ထည့်သွင်းရန် ကျန်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား မဲစာရင်းတွင်ပါရှိနိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 19,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
Oct 19,2025
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်း ဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ နည်းပညာများဟာ တစ်နေ့တစ်ခြား တိုးတက်နေသလို ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခန်းကဏ္ဍသည်လည်း ပြောင်းလဲနေသည်ကို လူငယ်အားလုံး သတိပြုရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝအတွက်သာမက နိုင်ငံနှင့်ပြည်သူအတွက်ပါ အကျိုးရှိစေမယ့် ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေ ရရှိလာဖို့ လိုအပ်မှာဖြစ်ပြီး ဗလငါးတန် ဖွံ့ဖြိုးမှုသာမက ပြောင်းလဲနေသော ကမ္ဘာကြီးတွင် မျိုးဆက်သစ်လူငယ်များ တက်ကြွစွာပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ နယ်ပယ်စုံ ကဏ္ဍပေါင်းစုံမှာရှိသည့် လူငယ်များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးပုံဖော်ပေးသည့် မျိုးဆက်သစ်များ ဖြစ်ပေါ်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
Oct 19,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(ခွဲ)ကျွန်းတောကျောင်း ကျွန်းရွှေဝါခန်းမ၌ အောက်တိုဘာ(၁၆)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။