မိုးနဲ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးခြင်းကို မေလ ၁၉ ရက်နေ့နံနက်ပိုင်းက ပေါ့မိုင်းရပ်ကွက် ချမ်းသာကြီးဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်းက အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး ဒေသခံတောင်သူများက နမ့်တွန်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး တာဘောင်မြှင့်တင်နိုင်ရေး၊ မိုးရာသီစိုက်ပျိုးစရိတ်များ အချိန်မီရရှိရေး၊ သဘာဝဘေးဒဏ်ခံခဲ့ရသည့် လယ်မြေများအတွက် ဆောင်ရွက်ပေးနေမှု၊ လျှစ်စစ်ဓာတ်အားခကောက်ခံမှုအခြေအနေ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်အခြေအနေနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်(ပုံစံ-၇) ဆောင်ရွက်ပေးမှူအခြေအနေများကို ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)