အမြို့မြို့အနယ်နယ်သတင်းများ

May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းပင်များ စိုက်ပျိုးပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်(၇)နာရီက မြို့အဝင်ထိပ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ဝဲယာတွင်  စိုက်ပျိုးခဲ့ကြောင်း သိရသည်။
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင်မှစ၍ စီးပွားရေးလုပ်ငန်းများအထိ စိုက်ပျိုးရေးလုပ်ငန်းကို အများအပြားလုပ်ကိုင်ကြရာ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ဖရုံညွှန့်များဈေးကောင်းရရှိနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့် မိသားစုမီးဖိုဆောင်အသုံးစရိတ်‌ လျော့ချနိုင်သည့်အပြင် အပိုဝင်ငွေပါရရှိကြောင်း ဖရုံစိုက်ပျိုးတောင်သူထံမှ သိရသည်။
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ကျောက်တန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုတ်ကွေးရောဂါပညာပေးခြင်း၊ ဖုံး၊သွန်၊ လဲ၊စစ်၊ အဘိတ်ဆေးခပ်ခြင်း၊ Active An Search ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
May 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဒယောက်ကူးကျေးရွာတွင် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့်ကျေးရွာအဆင့် လုပ်ငန်းအဖွဲ့များပူးပေါင်း၍ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းညှိနှိုင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက အဆိုပါကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ နတ်မော်လမ်းရှိ “ဟင်္သာ”အဝိုင်းတွင် ယမန်နေ့နံနက် ၇ နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်း” အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
May 21,2026
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းနေအရွယ်ကလေးများ အခြေခံပညာရေးကို လက်လှမ်းမှီသင်ယူနိုင်ခွင့်ရရှိရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူးခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
May 21,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို မေ ၂၀ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။