အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၅၀)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု၏ ပျက်စီးနေသည့် အထက်အောက်ကျောက်ဆလံများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၇ ရက်နံနက်(၁၀း၃၀)အချိန်က ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် ယမန်နေ့နေ့လည်ပိုင်းက သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးးဦးဆောင်၍ ဆရာမများမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စု တောင်သူ ဦးဇော်မင်းဦး ဥယျာဉ်ခြံ၊ (၁)ဧကအတွင် ယမန်နေ့နံနက်ပိုင်းက ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
Oct 19,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှုခင်းများ ကြည့်ရှုရန် ရွှေလေတံခွန် (နီညိုရောင်) မီးပုံပျံဓာတ်ငွေ့ Balloon အဖွဲ့မှ ယမန်နေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဟိုတယ်ဇုန်(၄)မှ စတင်ပျံသန်း၍ ယခုနှစ် ဆောင်းရာသီ Balloon ပျံသန်းခြင်းများ စတင်ပျံသန်းခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား/သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား နိုင်ငံတော်မှ ချီးမြှင့်သော ဂုဏ်ပြုငွေနှင့်ပညာရေးဆု ပဒေသာပင်မှချီးမြှင့်သော ဂုဏ်ပြုငွေချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးမှူးရုံးရှိ “မြတ်ပညာ”ခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 19,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု  အမျိုးသား၊ အမျိုးသမီးဘောလုံး အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။