ကျွန်းစု မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသမီး (ဂိုးလတ်) ဘောလုံးပြိုင်ပွဲကို မေ ၂၀ ရက် နံနက် ၁၁ နာရီက ရေမြစ်ကြီးကျေးရွာအုပ်စု၊ လဲဝါပြင်ကျေးရွာ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်အား စုပေါင်းညီညာစွာ ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပြိုင်ပွဲတွင် အသက် ၂၂ နှစ်အောက် အမျိုးသမီး ၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် တီးပူအသင်းနှင့် လဲဝါပြင်အသင်းယှဉ်ကစားကြရာ မြိတ်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှူး၊ ဦးဝင်းခိုင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ဒေသခံပြည်သူများနှင့် အားကစားဝါသနာရှင်တို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)