Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများ ပျက်စီးမှု ဖြစ်ပွား
May 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မေလ (၂၅)ရက် ညနေပိုင်း အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ ပျက်စီးဆုံးရုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် သောက်သုံးရေ ရှားပါးလျက်ရှိသော ရပ်ကွက်၊ ကျေးရွာများသို့ ရေသန့် ဂါလန်(၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဉ်ဖြင့် ရေသ…
May 27,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်၊ ကျေးရွာများ၌ သောက်သုံးရေ ရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဉ်ဖြင့် ရေသန့်များ လှူဒါန်းလျက်ရှိပြီး ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အိုးအိမ်ဝန်ထမ်းအိမ်ရာရှေ့၌ စုရပ်ထားရှိကာဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအား ရေသန့်ဂါလန်(၂၀၀၀)တို့အား သွားရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
May 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စလင်း-မင်းဘူးသွားကားလမ်းနှင့်
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်
May 27,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အခမ်းအနားကျင်းပ
May 27,2023
“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ်လူငယ်များပညာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများကို မကြာမီဖွင့်လှစ်သင်ကြားတော့မည်ဖြစ်ရာ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ထိစပ်လျက်ရှိသည့် ပင်မရေနုတ်မြောင်းကြီး ရှင်းလင်းနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
May 27,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရပ်ကွက်များနှင့် ထိစပ်လျက်ရှိသည့် ပင်မရေနုတ်မြောင်းကြီးအား ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်(၉)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီခွဲက သံပုရာကန်ကျေးရွာ ကုန်ထုတ်လမ်းဘေးမြေကွက်လပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၇)နာရီခွဲက ဝိန်းနေရပ်ကွက်ရှိ မိုင်းဖုန်းဆရာတော်ကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11124
Page
11125
Page
11126
Page
11127
Current page
11128
Page
11129
Page
11130
Page
11131
Page
11132
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department