အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်အတွက် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများအား ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌  ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း/သာမဏေများအား ဘွဲ့လက်မှတ်အဆောင် အယောင်နှင့်စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်) အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 03,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ မတ်လ ၂၈ ရက်နေ့မှစတင်ပြီး အသီးသီးဖြေဆိုကြရာ ယနေ့တွင် စာဖြေသံဃာတော်များနှင့် သီလရှင်များအားလုံး အေးချမ်းစွာဖြေဆိုပြီးစီးကြကြောင်း သိရသည်။
Apr 03,2023
ရှမ်းပြည်နယ် အင်းလေးဒေသခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ တော်ကို တမူထူးခြားစွာဆင်ယင်ကျင်းပရန်၊ မိဘပြည်သူများ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်စေရန်အတွက် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်
Apr 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ သတ္တမနေ့ကို ဗိုလ်မင်း‌ရောင်ရပ်ကွက်ရှိ အောင်ဆန်းခန်းမတွင် ဧပြီ ၃ရက် နေ့လယ် ၁၂နာရီမှ ညနေ ၄ နာရီအထိ ကျင်းပသည်။
Apr 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆို အောင်မြင်တော်မူခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဂုဏ်ပြုဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်း၌ ကျင်းပသည်။
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ဒေသခံတောင်သူများယာစိုက်ခင်းများ၌ ဒေသဖရဲသီးများ သီးညှပ်စိုက်ပျိုးခြင်းမှ ဖရဲစေ့များ ယခင်နှစ်ထက်ဈေးပိုရရှိနေကြောင်း သိရသည်။
Apr 03,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၃-ခုနှစ် (၁၃၈၄-ခု) အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ၁၆ရက်မြောက် နောက်ဆုံးနေ့ဖြေဆိုခြင်းကို ရှမ်းပြည်နယ် ညောင်ရွှေမြို့ ရွှေရတုဆွမ်းစားကျောင်း၌ ယနေ့ နေ့လည် ၁၂ နာရီက ဆက်လက်ကျင်းပဖြေဆိုခဲ့ကြောင်း သိရသည်။