အမြို့မြို့အနယ်နယ်သတင်းများ

May 27,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊  ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှကင်းဝေးစေရေးတို့အတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြသည်။
May 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က မိုင်းယိုင်းကျေးရွာ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 27,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးဒုက္ခအန္တရာယ်အပေါင်းတို့အား အမြန်ဆုံးလွတ်မြောက်ကြစေရန်ရည်ရွယ်၍ ဆရာတော်၊ သံဃာတော်အပေါင်းတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိကျောင်းတိုက်၊ သုခါဝါသ ကျောင်းတော်ကြီး မြေညီထပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
May 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အင်းတိုင်တပ်နယ်မှအရာရှိစစ်သည်များဦးဆောင်ပြီး ဌာနဆိုင်ရာ၀န်ထမ်းများနှင့်မိသားစု၀င်များအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ၀ယ်ယူရရှိနိုင်ရေးအတွက် ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်းသိရသည်။
May 27,2023
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့ မှစတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်တွင် မေလ ၂၆ ရက်နေ့အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူ(၁၃၀၉၁)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။
May 27,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ရှေး ဟောင်းရွှေဘုံးသာ မိုးကောင်းစေတီတော်ဘုရားကြီးတွင် ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရှိ ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။
May 27,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဆိုင်ကလုန်မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့ လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မြေစာရင်းမီးပွိုင့်လမ်းဆုံနေရာ၌ ဝက်သား၊ ကြက်ဉ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးသည်။