ဘူးသီးတောင် မေ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်၊ ကျေးရွာများ၌ သောက်သုံးရေ ရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဉ်ဖြင့် ရေသန့်များ လှူဒါန်းလျက်ရှိပြီး ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အိုးအိမ်ဝန်ထမ်းအိမ်ရာရှေ့၌ စုရပ်ထားရှိကာဝန်ထမ်းမိသားစုများနှင့် ရပ်ကွက်နေပြည်သူများအား ရေသန့်ဂါလန်(၂၀၀၀)တို့အား သွားရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ တပ်မတော်မှ ရေသယ်ယာဉ်ဖြင့် ရေသန့်ဂါလန်(၂၀၀၀) သွားရောက်လှူဒါန်းခြင်းသို့ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များက ရေပေးဝေနေမှုကို ကြည့်ရှုကာအားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရပ်ကွက်/ကျေးရွာများ၌ သောက်သုံးရေ ရှားပါးလျက်ရှိရာ တပ်မတော်မှ ရေသန့်ဂါလန် (၂၀၀၀)ဆံ့ တပ်မတော်ရေသယ်ယာဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ သောက်ရေသန့်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)