မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများ ပျက်စီးမှု ဖြစ်ပွား

မြစ်သား  မေ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မေလ (၂၅)ရက် ညနေပိုင်း အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ ပျက်စီးဆုံးရုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် တမာပင်ကျေးရွာအုပ်စု တမာပင်ကျေးရွာမှ လူနေအိမ် (၂)လုံးပျက်  စီးမှု တန်ဖိုး(၁၂)သိန်း၊ တမာပင်ကျေးရွာအုပ်စု အေးစိမ့်‌ ကျေးရွာမှ လူနေအိမ်(၁)လုံး ပျက်စီးတန်ဖိုး (၆)သိန်း၊ တမာ ပင်ကျေးရွာအုပ်စု နွားဖြူငယ်ကျေးရွာမှ လူနေအိမ် (၈)လုံး ပျက်စီးတန်ဖိုး (၃၄)သိန်း၊ ပခမ်းကျေးရွာ အုပ်စု၊ ပခမ်း‌ကျေးရွာမှ လူနေအိမ်(၆)လုံး ပျက်စီးတန်ဖိုး (၆၄)သိန်း၊ သပြေတောင်း ကျေးရွာအုပ်စု ကံကွေ့ကျေးရွာမှ လူနေအိမ် (၁)လုံး ပျက်စီးတန်ဖိုး (၃၁) သိန်း၊ သပြေတောင်းအုပ်စု အေးရွာ ကျေးရွာလူနေအိမ် (၁)လုံး ပျက်စီးတန်ဖိုး (၅)သိန်း၊  သပြေတောင်းအုပ်စု မြင်းခြံကုန်းကျေးရွာ လူနေအိမ်(၁)လုံး ပျက်စီးတန်ဖိုး (၅)သိန်း၊ ပွဲလုံးကျော်ကျေးရွာအုပ်စု ပွဲလုံးကျော် ကျေးရွာ စာသင်ကျောင်း(၁)ကျောင်း ပျက်စီးတန်ဖိုး (၂)သိန်းခွဲနှင့် လျှပ်စစ်မီးတိုင် (၅)တိုင်များ ပြိုလဲပျက်စီးခဲ့ ကြောင်း၊ ကျေးရွာအုပ်စု(၄) အုပ်စုမှ ကျေးရွာ(၈)ရွာအတွင်းရှိ ပျက်စီး‌ဆုံးရူံးမှု စုစုပေါင်း (၁၆၄၅၀၀၀)ကျပ် တန်ဖိုးခန့် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရူံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)