Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သထုံမြို့နယ် ဒုံသမိမြစ်အတွင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်
May 27,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ငါးသယံဇာတများတိုးပွားပြီး ဒေသတွင်းငါးစားသုံးမှုဖူလုံရေးအတွက် မေလ ၂၇ ရက်၊ နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ဒူးရင်းဆိပ်ကျေးရွာရှိ ဒုံသမိမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေစုစုပေါင်း နှစ်သိန်းကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့တွင် သန့်ရှင်းစင်ကြယ်သော ကျောင်းပတ်ဝန်းကျင်၌ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 27,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသားလူငယ်များအား သန့်ရှင်းစင်ကြယ်သော ကျောင်းပတ်ဝန်းကျင်၌ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက် (၈:၃၀) နာရီ အချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
May 27,2023
ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မေလ(၂၆)ရက်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ရပ်ကွက်များသို့ နယ်မြေခံတပ်မတော်မှ သောက်သုံးရေများလာရောက်လှူဒါန်း
May 27,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် သောက်သုံးရေပြတ်လပ်မှုများမဖြစ်ပေါ်စေရန် ဗိုလ်မှူးချုပ်ဝင်းမောင်၏လမ်းညွှန်မှုဖြင့် နယ်မြေခံတပ်တော်မှ ရေဂါလံ(၂၀၀၀)ဆံ့ ရေဘောင်ချာကားကြီးဖြင့် နေ့စဉ်လှူဒါန်းပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လာရောက်လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်
May 27,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကျောင်းဖွင့်အမှီ ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 27,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က စတင်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်စီမံမှုဖြင့် အခြေခံပညာ အထက်တန်း ကျောင်းနှင့် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်းတို့တွင် ကျောင်းဖွင့်အမှီ ကျောင်းဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်း သော သောက်သုံးရေ ရရ…
May 27,2023
ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာနှင့် ပြားချောင်းကြီးကျေးရွာ များရှိ ဒေသခံပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
May 27,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းကစ၍ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11122
Page
11123
Page
11124
Page
11125
Current page
11126
Page
11127
Page
11128
Page
11129
Page
11130
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department