စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

စလင်း မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စလင်း-မင်းဘူးသွားကားလမ်းနှင့် မီးပွိုင့်လမ်းဆုံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်းဘုတ်စိုက်ထူ၍ စျေးသွားစျေးလာမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ရပ်ဝေးရပ်နီးခရီးသွားပြည်သူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှထုတ်ဝေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မေလ ၂၅ ရက်နေ့ နံနက်ပိုင်းကဖြန့်ဝေခဲ့သည်။

အဆိုပါအဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံတစ်ကာအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုနှင့်စပ်လျဥ်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အဂတိတရား(၄)ပါး၊ အဂတိလိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်သည့် နစ်နာမှုများ အဂတိလိုက်စားမှု၏ သက်ရောက်မှုများစသည်တို့ ရေးသားထည့်သွင်းဖော်ပြထားရှိသည့် လက်ကမ်းစာသောင်များကို ပြည်သူများသိရှိနိုင်စေရန် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့