Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘားအံမြို့၌ နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်း သင်ခန်းစာတတ်မြောက်မှု စစ်ဆေးခြင်း ပြိုင်ပွဲ ပြုလုပ်
May 27,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် အင်္ဂလိပ်စာ အခြေခံ(Grammar)ကို သင်ယူလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ နွေရာသီ အခြေခံအင်္ဂလိပ်စာ(Grammar) (၂/၂၀၂၃)ကို မေလ(၄)ရက်နေ့မှ စတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီခန့်က သင်ခန်းစာတတ်မြောက်မှု ဆန်းစစ်ခြင်း ရေးဖြေပြိုင်ပွဲနှင့် Kahoot Quiz Game ပြိုင်ပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓ ဘာသာယဥ်ကျေးမှုသင်တန်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်
May 27,2023
ကျောင်းသားလူငယ်များ ဗုဒ္ဓယဥ်ကျေးမှု စာပေများ ပိုမိုသိရှိနားလည်စေရန်၊ ယဥ်ကျေးလိမ္မာပြီး အမျိုးဘာသာ၊ သာသနာနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်စေရန်၊ ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက် တန်းကျောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းကို ယနေ့နံက်( ၁၀) နာရီကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုများကို ပြည်နယ်ဝန်ကြီးချုပ် လက်ခံရယူ၊ ကရင်ပြည်နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခ…
May 27,2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများမှ ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဒေသခံကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စစ်တုရင်ပြိုင်ပွဲကျင်းပ
May 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကာလအတွင်း ကျောင်းသားလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် ဧပြီလ ၇ ရက်မှ မေလ ၂ ရက်နေ့အထိ အခြေခံစစ်တုရင်သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ရာ ထူးချွန်သင်တန်းသားများအတွက် ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)၊ Art Space တွင် လူငယ်စစ်တုရင်ပြိုင်ပွဲကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဌာနဆိုင်ရာများပူးပေ…
May 27,2023
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ အခြေခံပညာစာကျောင်းများအား သန့်ရှင်း၍စိမ်းလန်းစိုပြေပြီး ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်တပ်နယ်မှူးဗိုလ်ချုပ်စိုးမြတ်ထွဋ်ဦးဆောင်သော ပြင်ဦးလွင်တပ်နယ်မှတာဝန်ရှိသူများ၊
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့ မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်ပို့ချ
May 27,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အမှတ် (၅) ရပ်ကွက်၊ မြို့ရှေ့အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကြီးမှူး၍ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ယမန်နေ့မှစ၍ ဖွင့်လှစ်ပို့ချလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့ အ.ထ.ကကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အခြေခံပညာအထက်တန်းကျောင်းဧရိယာ အတွင်းနှင့် ကျောင်းဧရိယာပြင်ပတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြတ်များ၊ အမှိုက်သရိုက်များသိမ်းခြင်းစသည့်လုပ်ငန်းများကို နောင်တရားမြို့တွင်းဌာဆိုင်ရာများ၊ ကျောင်းသားမိဘများက ယနေ့နံနက်ပိုင်းတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသောနေရာများအား ကွင်းဆင်းစာရင်းကောက်ယူ
May 27,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသွားသောနေရာများသို့ မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းအချိန်က အာဆီယံနိုင်ငံအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11123
Page
11124
Page
11125
Page
11126
Current page
11127
Page
11128
Page
11129
Page
11130
Page
11131
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department