ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်

ရွှေကူ  မေ  ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသောကြောင့် ပညာသင်ယူတတ်မြောက်မှသာ အသိပညာ၊ ဗဟုသုတ ပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြား နိုင်သော အသိဉာဏ် ပညာရှိမည်ဖြစ်ပါကြောင်း၊ ကျောင်းပညာရပ်များကို ထူးချွန်အောင် ကြိုးစားသင်ယူသည့်အပြင် ဘဝ၏ အောင်မြင်မှု ပန်းတိုင်များကို မိမိ၏ ကိုယ်ပိုင်ဉာဏ်နှင့် ဆင်ခြင်သုံးသပ်ကာ မှန်ကန်စွာဆုံး ဖြတ်နိုင်မည် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော်ကို အလုပ်အကျွေး ပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ကြပါစေလိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်ခဲ့ရာ တက္ကသိုလ်ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူ (၃)ဦးအတွက် တစ်ဦးလျှင်(၂၅၀၀၀/)ကျပ်ဖြင့်လည်းကောင်း၊ အခြေခံပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးအတွက်  အထက်တန်းအဆင့်၌ တစ်ဦးလျှင် (၂၀၀၀၀/)ကျပ် နှင့်ဗလာစာအုပ် တစ်ဒါဇင်၊ အလယ်တန်းအဆင့်၌ တစ်ဦးလျှင် (၁၅၀၀၀/) ကျပ်နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ မူလတန်းအဆင့်၌ တစ်ဦးလျှင် (၁၀၀၀၀/) ကျပ်နှင့် ဗလာစာအုပ် (၆) အုပ်တို့ဖြင့် စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၃)ဦးအ‌တွက် ပညာသင်ထောက်ပံ့ငွေ (၄၈၀၀၀၀/) နှင့် ဗလာစာအုပ် (၂၀) ဒါဇင်တို့ကို ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ရေခဲမုန့်၊ ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်