မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး

လပွတ္တာ ဇူလိုင် ၁

ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို vကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပွဲကိုလပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ- သင်္ဃန်း ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃/၁)မိုင်တွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပွဲသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လပွတ္တာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်းနှင့်သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၁၅၀၀)ခန့်က အမြင့်(၃)ပေနှင့်အထက်ရှိ သော ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား (၁၅၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)