ပုဗ္ဗသီရိ ဇူလိုင် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ပုဗ္ဗသီရိမြို့နယ် ကုတင် ၅၀ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သားဖွား ဆရာမ ဒေါ်နီနီဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်း၌ KG တန်း၊ အလယ်တန်း၊ အထက်တန်း ၊ အသက် ၅ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၈၀ ဦး တို့အား (Sinopharm) ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)