အမြို့မြို့အနယ်နယ်သတင်းများ

Jul 01,2023
 (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်တို့ ပူးပေါင်း၍ ဈေးရောင်းပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်နှင့်သက်မွေးပညာ သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းနှင့် နည်းပြ ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ် သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jul 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က နည်းပညာတက္ကသိုလ်ဝင်းအတွင်း ကျင်းပခဲ့သည်။
Jul 01,2023
မွန်ပြည်နယ်တွင် သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပ ပြုလုပ်ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  တာဝန်ရှိသူ များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
Jul 01,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အားသွားရောက် ကြည့်ရှုအားပေးသည်။
Jul 01,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီက အပတ်စဉ် စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jul 01,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ အခြေခံ ပညာအထက်တန်း ကျောင်းခြံစည်းရိုးဘေးလမ်းမတစ်လျှောက်တွင် တပ်မတော်မှ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။
Jul 01,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ပိုင်းက (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက် ကုန်များကို အများပြည်သူဈေးနှုန်းချိုသာစွာ စားသုံးရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။