မင်းတုန်း ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားကျေးရွာ တောင်သူ ဦးစိန်နိုင်၏ လယ်မြေနှစ်ဧကတွင် ယမန်နေ့ နံနက် ၉ နာရီက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြှပ်နှံခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုပ်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက တောင်သူ ဦးစိန်နိုင်၏ လယ်မြေတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စတင်ကြဲ ပက်ပြီးလုပ်ငန်း ဆောင်ရွက်မှုနှင့် မနောသုခ RS စိုက်ပျိုးမှု လုပ်ငန်းစဉ်ကို အချိန်ကိုက် ဆောင်ရွက်နိုင်ရန် “ယ” ဇယားဖြင့် တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့သည်။
ထိုသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြှပ်နှံခြင်းသည် မြေဆီလွှာဖွံ့ဖြိုးတိုး တက်ရေးအတွက် မြေဆီလွှာအာဟာရဖြည့်တင်းခြင်းဖြစ်ပြီး မြေဆီလွှာ ဂုဏ်သတ္တိ ဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)